ပိုင်ကျုံမြို့ဒေါ်လန်းကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပေါ်စေရေး Mask Campaign ဆောင်ရွက်

 

ပိုင်ကျုံ အောက်တိုဘာ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ဒေါ်လန်း‌ကျေးရွာအုပ်စု၊‌ ဒေါ်လန်းကျေးရွာတွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာအုပ်စု၊ ဒေါ်လန်းကျေးရွာတွင် လူစည်ကားသည့်နေရာများ၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် Mask တပ်ဆင်ခြင်းမရှိသည့် ပြည်သူများကို Mask များ အခမဲ့ဝေငှပေးခဲ့ပြီး အများပြည်သူများ သိသင့်သိထိုက်သော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ရှောင်ရန်/ဆောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်ရည်ရွယ်ပြီး ဒေါ်လန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦး‌ဆောင်၍ ဒေါ်လန်းရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဝင်များနှင့် ဒေါ်လန်းကျေးရွာ လူမှုကယ်ဆယ်ရေးအသင်းမှ‌ စေတနာ့ဝန်ထမ်းများ‌တို့ကပူးပေါင်း၍ Mask Campaign လုပ်ငန်းကို အပတ်စဉ် တနင်္ဂနွေနေ့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)