သန်လျင် အောက်တိုဘာ ၁၇
သန်လျင်ခရိုင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း နေကြာစိုက်ပျိုးမည့်တောင်သူများ မျိုးစေ့ပေးအပ်ပွဲနှင့် တောင်သူအသိပညာပေး မြို့နယ်အလိုက် ခင်းကျင်းပြသမည့် ပြခန်းနေရာများအား ယနေ့နံနက်တွင် သန်လျင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှုး ဦးဇော်မင်းထိုက်သည် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်များမှ ပြခန်းပြသမည့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အခမ်းအနားကျင်းပမည့် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာရှင်းသန့်ခန်းမအား သွားရောက်ကြည့်ရှုပြီး အခမ်းအနားပြင်ဆင်ဆောင်ရွက်မည့် နေရာများသတ်မှတ်ပေးပြီး လုပ်ငန်းလိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
နိုင်ငံတော်အစိုးရက ဆီထွက်သီးနှံဖူလုံရေးအတွက် နည်းပညာ၊ စိုက်ပျိုးစရိတ်နှင့် သွင်းအားစုများပံ့ပိုးကူညီသွားမည်ဖြစ်ရာ ဒေသခံတောင်သူများ အချိန်မီစိုက်ပျိုးနှိုင်ရေး မျိုးစေ့များပေးအပ်ပြီး စိုက်ပျိုးရေးနည်းပညာဗဟုသုတများတိုးပွားစေရန် ခေတ်မီလယ်ယာသုံးစက်ကိရိယာပြခန်းများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများတိုးတက်ရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က အသိပညာပေးပြခန်းများခင်းကျင်း၍ တောင်သူများအား ပြသပေးသွားမည်ဖြစ်သည်။ ထို့အပြင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး မြစိမ်းရောင်စီမံကိန်းနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)