ကျောက်ကြီး အောက်တိုဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်စုပေါင်း မဟာဘုံကထိန်ပွဲကျင်းပနိုင်ရေး ညှိုနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်စုပေါင်း မဟာဘုံကထိန်ပွဲ ကျင်းပနိုင်ရေးရက်သတ်မှတ်ခြင်း၊ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၈) ကျောင်းမှ ပင်သံဃာ (၁၈) ပါးအား မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များမှ စုပေါင်းလှူဒါန်းသည် ကထိန်သင်္ကန်း နှင့် လှူဖွယ်ဝတ္ထုများအား ဆက်ကပ်လှူဒါန်းနိုင်ရေး ဆွေးနွေးပြောကြားပြီး၊ အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက မိမိတို့တာဝန်ယူမှုများ၊ လိုအပ်ချက်များနှင့် ထပ်မံဖြည့်ဆည်း ဆောင်ရွက်လိုသည့်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အစည်းဝေးပွဲအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်