မန္တလေး အောက်တိုဘာ ၁၈
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေုပြုဗဟိုဌာနတွင် ဆရာမကြီးနုနုကြည်(အမေ့အိမ်)၏ စာပေခရီးနှင့် စာပေရေးရာဆွေးနွေးပွဲ (Talk Show)ကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် စာရေးဆရာမနုနုကြည်(အမေ့အိမ်)တို့က ဦးဆောင်ဆွေးနွေးကြသည်။
ရှေးဦးစွာ ဆရာမကြီး နုနုကြည်(အမေ့အိမ်)က စာပေစတင်ရေးသားခဲ့မှုများ၊ ကလောင်အမည် ရွေးချယ်မှုများ၊ ကိုယ်တိုင်ရေးသားထုတ်ဝေခဲ့သောစာအုပ်များအကြောင်း၊ စာအုပ်ထုတ်ဝေ ဖြန့်ချိရာတွင် တွေ့ကြုံရမှုများ၊ လူငယ်များစာပေဖတ်ရှု့ခြင်းအပြင် စာပေရေးသားဖန်တီးသင့်ကြောင်း၊ ပြည်သူကိုအကျိုးပြုသည့် စာပေများ ရွေးချယ်ဖတ်ရှုခြင်းနှင့် ရေးသားရန်လိုအပ်ကြောင်း၊ စာပေရေးသားခြင်း၊ စာပေဖတ်ရှုခြင်း၊ စာပေဟောပြောခြင်းတို့အတွက် မိမိကိုယ်တိုင်က စာပေအသိဝမ်းစာပြည့်ဝရန် လိုအပ်ကြောင်း အစရှိသည်တို့ကိုဆွေးနွေးခဲ့ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)