ပိုင်ကျုံ အောက်တိုဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၄)လအထက်ရှိသူများအား ထပ်ဆောင်း ကာကွယ်ဆေးအဖြစ် ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၉)နာရီအချိန်က ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၄) လနှင့်အထက်ရှိသူများဖြစ်သည့် နိုင်ငံ့ဝန်ထမ်းများနှင့်အတူ နေမိသားစုဝင်များ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရာ အောက်တိုဘာလ ၁၇ ရက်နေ့တွင် တတိယအကြိမ်(၈)ဦးနှင့် စတုတ္ထအကြမ်(၃၇)ဦး စုစုပေါင်း (၄၅)ဦးထိုးနှံပေးနိုင်ခဲ့ကြောင်း၊ အခြေခံပညာကျောင်းများသို့သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ပိုင်ကျုံမြို့တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုရှိရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံတွင် အင်္ဂါနေ့နှင့်သောကြာနေ့တို့တွင် အပတ်စဉ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)