တပ်ကုန်း အောက်တိုဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ကလေးအလုပ်သမား ပပျောက်ရေးအတွက် လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင် ပိုင်ရှင်များနှင့်အလုပ်သမားများအားတွေ့ဆုံ၍ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ဥပဒေရုံးမှ တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက မြို့နယ်အတွင်း လက်ဖက်ရည်ဆိုင်(၂)ဆိုင်နှင့် စားသောက်ဆိုင်(၄)ဆိုင်မှ ပိုင်ရှင်များနှင့် အလုပ် သမားများအားတွေ့ဆုံ၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာများ အလေးထားဆောင် ရွက်လျက်ရှိကြောင်းနှင့်အသက်မပြည့်သေးသည့် ကလေးအလုပ်သမားများစေခိုင်ခြင်း၊ ကလေး အလုပ်သမား ဥပဒေများကို အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်