မအူပင်မြို့နယ်တွင် နေကြာသီးနှံစိုက်ဧကပြည့်မီရေး တာဝန်ပေးအပ်ပွဲနှင့် အထွက်နှုန်း တိုးတက်ရေး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

မအူပင် အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ စီမံကိန်းသီးနှံ (ဆောင်းနေကြာ) စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးအတွက် နေကြာသီးနှံစိုက်ဧက ပြည့်မီရေး တာဝန်ပေးအပ်ပွဲနှင့် အထွက်နှုန်းတိုးတက်ရေး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အဆင့်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား‌ရေးကြီးကြပ်မှု‌ ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက ဆောင်းသီးနှံနေကြာ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်လျာထားချက်ဧက ၂၂၅၉၃ ဧကအား ကျေးရွာအုပ်စုနှင့် ကျေးရွာခွဲအလိုက် စိုက်ပျိုးနိုင်ရန် တာဝန် ပေးအပ်ထားသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ကျေးရွာအလိုက် တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ပြောကြားသည်။

ဆက်လက်၍  မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မား‌ ရေးကြီးကြပ်မှု‌ကော်မတီ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးမန်နေဂျာ ဦးသာအေးက စိုက်ဧကပြည့်ဝစွာစိုက်ပျိုးနိုင်ရန် မြို့နယ်အတွက် လိုအပ်ချက် ရှိသော နေကြာမျိုးစေ့အား ရှာဖွေထားရှိမှုနှင့် ကျေးရွာအလိုက် စိုက်ဧကများအားစာရင်းပေးပို့ ထုတ်ယူနိုင်ရန် ပြောကြားသည်။ ၎င်းနောက် မြို့နယ်မြေစာရင်း၊ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူများက လုပ်ငန်းခွင်ဆောင်ရွက်ရာတွင် အခက်အခဲမရှိ ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေး ကာ ကျေးရွာအလိုက် နေကြာမျိုးစေ့များအား တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရ သည်။

မအူပင်ခရိုင်(ပြန်/ဆက်)