သိန္နီမြို့တွင် (၅၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ

သိန္နီ အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် သိန္နီမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ များသည် (၅၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းထွန်းက  သိန္နီမြို့တွင် နှစ်စဉ် ကျင်းပမြဲ ဖြစ်သော မြို့နယ်လုံးဆိုင်ရာ စုပေါင်းအဟာဘုံကထိန်ပွဲတော်ကြီးကို (၅၂)ကြိမ်မြောက် ကျင်းပခဲ့ပြီး ဖြစ်၍ ယခုနှစ်သည် (၅၃) ကြိမ်မြောက်ဖြစ်ကာ ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး တစ်မြို့နယ် လုံးရှိ ပြည်သူများ ပူးပေါင်း၍ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်သည့်အတွက် မိမိတို့ဌာနဆိုင်ရာများ အနေဖြင့်လည်း တက်အားသ၍ ပါဝင်လှူဒါန်းနိုင်ရေး နှိုးဆော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ပွဲတော်အောင်မြင်စွာ ကျင်းပြုလုပ်နိုင်ရေး လုပ်ငန်းစီမံချက်ရေးဆွဲထားမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက် လာသော ဌာနဆိုင်ရာများက ဌာနတစ်ခုချင်း အလိုက် ကုသိုလ်ပါဝင်လှူဒါန်းမည့် အခြေအနေများနှင့် ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)