လူဦးရေစာရင်းမြေပြင်စစ်ဆေးခြင်းနှင့် မဲစာရင်းမှန်ကန်မှုရှိစေရေး ပူးပေါင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ရွာငံ အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင်  e - ID စနစ်ဖြင့် လူဦးရေစာရင်းမြေပြင်စစ်ဆေးခြင်းနှင့် မဲစာရင်းမှန်ကန်မှုရှိစေရေး ပူးပေါင်းဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ကျော်ဝင်းနှင့်အဖွဲ့ဝင်များက ယနေ့ နေ့လယ်(၁)နာရီခွဲက မြို့နယ်လဝကဦးစီးမှူးရုံးတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မဲစာရင်းများတိုက်ဆိုင်စစ်ဆေးရာတွင် လူဦးရေးစာရင်းမြေပြင်စစ်ဆေးခြင်းနှင့်အတူ မဲစာရင်းမှန်ကန်မှုရှိစေရေး၊ သက်မှတ်ချိန်အတွင်း ပြီးစီးရေး၊ ပုံစံ ၆၆/၆ နိုင်ငံသားနံပါတ်ဖြစ်ခြင်း  တိုက်ဆိုင်စစ်ဆေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ဇော်လင်းက လုပ်ငန်းများဆောင်ရွက်မှုအဆင့်ဆင့် ရှင်းလင်းတင်ပြရာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွာငံ(ပြန်/ဆက်)