ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ဒဂုံဆိပ်ကမ်း    အောက်တိုဘာ  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသောစာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန္ဒာကစာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကိုသိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများအချင်းချင်းတစ်ဦးနှင့် တစ်ဦးအပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် Women Club အဖွဲ့ဝင် ဒေါ်ကြည်ကြည်နွဲ့က ဆွေးနွေးရာတွင် အောင်ပွဲနှင့်စည်းရုံးရေးခေါင်းစဉ်ထဲတွင် မည်သည့်လုပ်ငန်းမဆိုသတ်မှတ်ချက်အချိန် Dead Line ကို မကျော်စေရကြောင်း၊ အချိန်မီပြီးစီးပါမှ အများပါဝင်ဆောင်ရွက်ကြရသည့် အလုပ်ကြီးအကိုင်ကြီးမှာချောမွေ့ကြောင်း၊ အချိန်ကိုတန်ဖိုးထားတတ်ရမည်ဖြစ်ကြောင်း၊ အောင်ပွဲရရေးမှာ လေ့ကျင့်ရေးဖြင့် သွေးသစ်လောင်းနေမှသာ နုပျိုလန်းဆန်းတက်ကြွစွမ်းရည်ပြည့်ဝနိုင်မှာဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပြီးတက်ရောက်လာသူများကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)