လွိုင်လင် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ တပ်ဦးရတနာစည်စာသင်တိုက်၌ (၁၅) ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၁)နာရီက အဆိုပါကျောင်း ဘာဝနာဆောင်တွင်ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာအစည်းအဝေးကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်သည်။ ယင်းနောက် ရတနာ စည်ဆရာတော်အား ဩကာသကန်တော့ကျိုးဖြင့် ကန်တော့ပြီး ပွဲတော်ကျင်းပရေးအတွက် ဩဝါဒခံယူပါသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်ကြသည့် တပ်နယ်နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးမှူးတို့က ပွဲတော်ကျင်းပရေး လျှောက်ထားချက်များ လျှောက်ထားကြသည်။
ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို အောက်တိုဘာလ ၃၀ ရက်၊ နံနက် (၁၀)နာရီတွင် ကျင်းပမည်ဖြစ်ပြီး၊ ကထိန်သင်္ကန်းတစ်စုံလျှင် ရည်မှန်လှူဒါန်းငွေ ကျပ် ၁၅၀၀၀ နှင့် ဆွမ်း၊ ကွမ်း အတွက် ၅၀၀၀ ကျပ်နှုန်းဖြင့် လှူဒါန်းနိုင်ရန်သတ်မှတ်ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်