ဟုမ္မလင်း၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)သင်တန်းဖွင့်ပွဲကျင်းပ
Sep 16,2025
ဟုမ္မလင်းမြို့နယ် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်တက်ရောက်စေရန် ကျေးလက်နှင့် မြို့ပြအချိုးကျညီညီ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဖွံ့ဖြိုးမှုကွာဟခြင်း ကျဥ်းမြောင်းစေရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်စီမံကိန်း (VDP)ရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။