ကာမိုင်း ဇူလိုင် ၁၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီက လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ထိုသို့ ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစိးဌာနမှကြီးမှူး၍ ကျောင်းသား ကျောင်း သူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး စာကြည့်တိုက်သင်း ဝင်ကျောင်း သား ကျောင်းသူများအား ၂၀၂၆ ခုနှစ်၊ ဇူလိုင်(၁၉)ရက်တွင်ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို အ.ထ.ကကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို ဦးစီးမှူး ဒေါ်ရွှေဇင်ဦးက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲတွင် ကလေးနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များကို ခင်းကျင်းပြသ၍ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ကာမိုင်း(ပြန်/ဆက်)