သတင်းများ

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ ကျင်းပ
Jul 17,2026
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကာ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Center)အစည်းအဝေးခန်းမ၌ ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်သည်။
အုတ်ဖိုမြို့နယ်၌ အခြေခံမွေးမြူရေးနှင့်ငါးဆေးထိုးသားဖောက်သင်တန်းဖွင့်
Jul 17,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အေးမြသာယာကျေးရွာရှိ ငါးသားဖောက်စခန်းတွင် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးကျောင်းမှ မွေးမြူးရေး ဘာသာရပ် ကျောင်းသား/သူများအား အခြေခံမွေးမြူးရေးနှင့် ငါးဆေးထိုး သားဖေါက် သင်တန်းကို ယမန်နေ့က ကျင်းပခဲ့သည်။
မော်လိုက်မြို့၌ ၂၀၂၆ခုနှစ် ဒုတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 17,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့တွင် ၂၀၂၆ခုနှစ်၊ ဒုတိယအကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ (၁၆) ရက်နေ့ နံနက် (၈) နာရီခွဲအချိန်က ‌‌အ‌ခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ချိတ်ဆက် ဆွေးနွေးခြင်းဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲ အခမ်းအနားတက်ရောက်
Jul 17,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် “ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ချိတ်ဆက်ဆွေးနွေးခြင်းဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲ” အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
မော်လိုက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏  တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကွန်ကရစ် လမ်းခင်းခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 17,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏  ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကော်မတီဥက္ကဋ္ဌ ဦး‌နေထွန်းအောင်၊ ခရိုင်လဝက ဦးစီးမှူး ဦးဝင်းထွဋ်အောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ဇူလိုင်လ(၁၆) ရက်နေ့ ညနေပိုင်း(၃)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ သီးသန့်အခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကျင်းပ
Jul 17,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်မီးသတ်ဦးစီးဌာနမှ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မီးလောင်မှုနှင့် မီးလန့်မှုများကြောင့် ပျက်ဆီးဆုံးရှုံးမှု လျော့နည်းကျဆင်းစေရန်အတွက် သီးသန့်အခြေခံ မီးသတ်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၆)သင်တန်းဆင်းပွဲကို တောင်ရင်းကျေးရွာရှိ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ၌ ဇူလိုင်လ ၁၇ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်  တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဆင်း
Jul 17,2026
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသား လူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ကျင်းပသည်။
တံတားမြို့အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌  (၇၉)နှစ်‌မြောက် အာဇာနည်‌နေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ
Jul 17,2026
ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ်ဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက တံတားမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ အ‌ခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။