သတင်းများ

ပဲခူးမြို့တွင် အသက်မွေးဝမ်းကျောင်းပညာ (စက်ချုပ်၊ စားသောက်ကုန်၊ လူသုံးကုန်) သင်တန်းများ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
Sep 16,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တပ်မတော်စစ်သည်မိသားစုများ အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေနှင့် မိသားစုတစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်ရေးနှင့် ဝင်ငွေတိုးတက်ရရှိစေရေးအတွက် စက်တင်ဘာလ (၁၅) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ရန်ငြိမ်းအေးခန်းမ၌ “အသက်မွေးဝမ်းကျောင်းပညာ (စက်ချုပ်၊ စားသောက်ကုန်၊ လူသုံးကုန်) သင်တန်းများ” ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
တံတားမြို့၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်
Sep 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အမှဝာ် (၄) ရပ်ကွက် အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ ဓာတ်မြေဩဇာအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး
Sep 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ ဓာတ်မြေသြဇာအရောင်းဆိုင်များ၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီကဆောင်ရွက်ခဲ့ကြသည်။
စက်မှုလယ်ယာဦးစီးဌာ၊ အမှတ်(၅၁)စက်မှုလယ်ယာစခန်း၊ ပုသိမ်မြို့တွင် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်လှစ်
Sep 16,2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းကို ယမန်နေ့က စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၁) စက်မှုလယ်ယာစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လူထုအခြေပြုဗဟိုဌာနကော့မှူး၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြော
Sep 16,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးတွံတေးခရိုင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
Sep 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ သရဝဏ်(ပြည်)၊ ဦးဘုန်း(ဓာတု)နှင့် ညီမင်းညှိုတို့ ရေးသားသော “လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ်၊ အ.လ.က(၁)ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့်‌ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Sep 16,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (၁) တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။