သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး  အခြေခံယာဉ်မောင်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
Jul 17,2026
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ထားဝယ်ခရိုင်အတွင်းရှိ ရွှေ့ပြောင်းတိုင်းရင်းသားများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ ယာဉ်မောင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။
အိမ်မဲမြို့နယ် မူလွန် (ဆိတ်ချေးကုန်း)ကျောင်းတွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသ
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့်ဆေးကုသခြင်းကို ဇူလိုင်လ (၁၆)ရက်နေ့ နံနက် (၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆) သင်တန်းဆင်း
Jul 17,2026
ရမည်းသင်းခရိုင်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ပျော်ဘွယ်မြို့နယ်အတွင်းရှိ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၏ အကြို အခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆)အား ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီက အမှတ်(၈)အထည်စက်ရုံ(ပျော်ဘွယ်)၌ ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးအတွက် စနစ်တကျ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သီးနှံစိုက်ဧကများ မှန်ကန်မှုရှိစေရေးနှင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ညှိနှိုင်းဆွေးနွေး
Jul 17,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် စားသုံးဆီဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊စားသုံးဆီဖူလုံရေးအတွက် စနစ်တကျ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးနှင့် သီးနှံစိုက်ဧကများ မှန်ကန်မှုရှိစေရေးနှင့် စိုက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြသည်။
ကလေးမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေး
Jul 17,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကလေးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများမှ  ယာယီနေရပ်စွန့်ခွာပြည်သူများအား လမင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်ပင်သာရပ်ရှိ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင်  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား စနစ်တကျ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ လိုင်စင်ရစက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီများကို စနစ်တကျရောင်းချလျက်ရှိမှု၊ စံချိန်စံညွှန်းနှင့် မှန်ကန်မှု (စုံ/မ) စနစ် အတိုင်း ဆောင်ရွက်ထားရှိမှုနှင့် စနစ်တကျမှန်ကန်စွာ ရောင်းချမှုရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ် ထော်ဦးကျေးရွာ၌ “မှို” စိုက်ပျိုးရေးသင်တန်းဖွင့်လှစ်
Jul 17,2026
စိုက်ပျိုးရေးကဏ္ဍတိုးတက်ပြီး ပြည်သူများ ဝင်ငွေတိုးပွားရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ထော်ဦးကျေးရွာ၌ “မှို” စိုက်ပျိုးရေးသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့နံနက်က ဖွင့်လှစ်ခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် ရေဘေးအန္တရာယ်တုံ့ပြန်ရေးဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပ
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် အမှတ် (၅)ရပ်ကွက် ဆိတ်နို့ကုန်းတာ၊ တာမိုင်(၂၅/၅)တွင် ယနေ့နံနက်ပိုင်းက ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပခဲ့သည်။