သတင်းများ

သရက်ချောင်းမြို့နယ်တွင် ကျန်းမာ​ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
Jul 17,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁ဝ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
မိတ္ထီလာမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Jul 17,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီက အမှတ် (၅) အခြေခံအပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မော်လိုက်မြို့၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jul 17,2026
မော်လိုက်မြို့တွင် ချင်းတွင်းမြစ်ရေသည် ဇူလိုင်လ (၁၆) ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၁၄၁ စင်တီမီတာသို့ ရောက်ရှိနေပြီး မြို့၏ စိုးရိမ်ရေမှတ်ဖြစ်သည့် ၁၂၃၀ စင်တီမီတာသို့‌ ရောက်ရှိရန် ၈၉ စင်တီမီတာသာ ကျန်ရှိနေသော‌ကြောင့် ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးတို့ပူးပေါင်း၍ ဇူလိုင်လ(၁၆)ရက်နေ့ညနေပိုင်း(၂)နာရီချိန်က အသိပေးနှိုးဆော်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲပြုလုပ်
Jul 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။
ဂန့်ဂေါမြို့၌ တစ်သျှူးငှက်ပျောပျိုးပင်များ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Jul 17,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်စွက်စာကျွေးမွေးမည့် လုပ်ငန်းစီမံချက်တွင် ပါဝင်သည့် တစ်သျှူးငှက်ပျော ပင်များစိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်များပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ) (စည်ပင်သာယာ) ကျောင်းတွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ကော့ကရိတ်မြို့တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊စာစီစာကုံးပြိုင်ပွဲများ ကျင်းပ
Jul 17,2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ၂၀၂၆ခုနှစ်၊ အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူးမှ ကြီးမှူး၍ ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ကျင်းပရာ မြို့ပေါ်အခြေခံပညာကျောင်းများမှ ကျောင်း သား၊ ကျောင်းသူ စုစုပေါင်း ၆၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး)ရုံး သွားရောက်ကြည့်ရှု
Jul 17,2026
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (မန္တလေး)ရုံးသို့သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရွှေပြည်သာမြို့နယ်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားနိုင်စေရန်အတွက် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းတို့ကိုယနေ့  နံနက်(၁၀)နာရီက အမှတ် (၉) ရပ်ကွက်ရှိ  အမှတ်(၇) ၊အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ဆောင်ရွက်သည်။