မိုင်းဆတ်မြို့၌ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေး
Oct 20,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် မိုင်းထလန်းကျေးရွာအုပ်စု၊ယောင်းခကျေးရွာ၌ အောက်တိုဘာ ၁၉ ရက်က မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်သည်။ အခမ်းအနားတွင် ဒေသခံမဲဆန္ဒရှင်ပြည်သူ (၁၁၇၃)ဦးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့် လက်တွေ့စမ်းသပ် မဲပေးခဲ့ကြကြောင်း သိရသည်။