သတင်းများ

ဖောင်းပြင်မြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးအားကစားပြိုင်ပွဲကျင်းပ
Sep 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးအားကစားပြိုင်ပွဲကို မြို့နယ်အားကစားကွင်း၌ ယနေ့ညနေ ၃ နာရီအချိန်က ဖွင့်ပွဲအခမ်းအနားနှင့်တကွ ကျင်းပခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Sep 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း အမျိုးသားခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲနှင့် ဟောပြောပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ကလေးဝမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားပြုလုပ်
Sep 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့၌ ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကကြီးမှူး၍ အမှတ်-၂ အခြေခံပညာမူလတန်းလွန် ကျောင်းတွင် ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာတွင် သစ်ပင်မျိုးစုံ ပျိုးပင်ပေါက် ရောင်းအားကောင်းနေ
Sep 16,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာတွင်သစ်ပင်မျိုးစုံ ပျိုးပင်ပေါက်များ မိုးဦးကျချိန်မှ စတင်ကာ မိုးလယ်မိုးအထိ ရောင်းအားကောင်းလျက်ရှိနေကြောင်း ဆည်ပေါက်ကျေးရွာ ပျိုးပင်မျိုးစုံရောင်းချနေသည့် ပျိုးဥယျာဉ်ခြံပိုင်ရှင်များ ထံက သိရသည်။
မြစ်သားမြို့နယ် ရွာခိုင်ကြီးအခြေခံပညာအထက် တန်းကျောင်းတွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆက်လက် သရုပ်ပြသ
Sep 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်းအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြသခြင်းကို စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီက ရွာခိုင်ကြီး အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့၌ ဆီထွက်သီးနှံမြေပဲ မွှားပင့်ကူနီကျရောက်မှုနည်းပညာပေး ဟောပြောပွဲ ကျင်းပ
Sep 16,2025
ညောင်ဦးမြို့နယ်၏ အဓိက ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံကို ပင်တောင်-ပင်ပြန့် နှစ်မျိုး  စိုက်ပျိုးလျက်ရှိရာ မိုးဦးရာသီတွင် ပင်ပြန့်မြေပဲအများဆုံး စိုက်ပျိုးကြပြီး မိုးလယ်တွင် ပင်ထောင်မြေပဲသာစိုက်ပျိုးကြကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ် အ.မ.ကကော့ဘိန်း-၁ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်
Sep 16,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက် ရှိ အ.မ.က  ကော့ဘိန်း-၁ ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားတက်ရောက်
Sep 16,2025
ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို စက်တင်ဘာ  ၁၆ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။