သတင်းများ

(၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို သံဖြူဇရပ်မြို့ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်
Jul 17,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။
ကြံခင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မြောင်ကြီး၌ လူငယ်စကားဝိုင်းကျင်းပ
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ခုံကြီးအုပ်စု၊ မြောင်ကြီးရွာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မြောင်ကြီး အစည်းအဝေးခန်းမ၌ လူငယ် စကားဝိုင်းကို ကျင်းပပြုလုပ်သည်။
ငါန်းဇွန်မြို့၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ဆက်လက်ထုတ်ပေးလျက်ရှိ
Jul 17,2026
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ အထက ကျောင်းတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခွဲက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငါန်းဇွန် မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် အသက်ဆယ်နှစ်ပြည့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို ဆက်လက်စိစစ် ပြုလုပ်ဆောင်ရွက်ပေးပြီး လက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဟင်္သာတတက္ကသိုလ်တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတတက္ကသိုလ်တွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်ပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ဇူလိုင် ၁၆ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
လပွတ္တာမြို့နယ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်များပေးအပ်
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်မြေစာရင်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလားရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက်(၂၃)နှစ် အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
နာဂဒေသ၊ နန်းယွန်းမြို့တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) “လမင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jul 17,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) “လမင်းစီမံချက်’ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားနှင့် UID ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂  နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ပြုလုပ်သည်။
ကွမ်းခြံကုန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်သမဝါယမအသင်းသားတောင်သူများအား သွင်းအားစုပေးအပ်ခြင်းနှင့် သက်တန့်ရောင်စီမံကိန်းရန်ပုံငွေ‌ပေးအပ်ပွဲကျင်းပ
Jul 17,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်သမဝါယမအသင်းသား‌တောင်သူများအား သွင်းအားစုပေးအပ်ခြင်းနှင့် သက်တန့်ရောင်စီမံကိန်းရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပြုလုပ်သည်။