သတင်းများ

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jul 17,2026
၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဘက်စုံသုံးအားကစားခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဝင်များ၊ တိုင်းဒေသကြီး ဖူဆယ်ဆပ် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အသင်း များမှအုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ညောင်တုန်းမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 17,2026
ဧရာ၀တီတ်ိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Jul 17,2026
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် အ.ထ.က(တိမ်မြုတ်)တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ယမန်နေ့က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့်သက်ဆိုင်ရာဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်ပြီးသည့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ညောင်တုန်းမြို့နယ်၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စုရှိ  စက်မှုစိုက်ပျိုး မွေးမြူရေး အထက်တန်းကျောင်း(စက္ကော့)၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၅ရက်နေ့  နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟင်္သာတမြို့နယ်၌ မှော်ဘီ-၃ မျိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် လယ်တီကျေးရွာအုပ်စုတွင် ကွင်းအမှတ် ၁၃၈၈၊ ဦးပိုင်အမှတ် ၉၊ တောင်သူဦးအေးဟန်ပိုင် လယ်မြေတွင် ယမန်နေ့နံနက်ပိုင်းက မိုးစပါးစံပြကွက် မှော်ဘီ-၃ မျိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်၊ (Community Centre) ခန်းမ၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Jul 17,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြိုနယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများ ကျင်းပသည်။
ကလေးဝမြို့တွင် ကလေးခရိုင်အထူးကု သမားတော် ဆရာဝန်ကြီးများက ကွင်းဆင်း၍ ပြည်သူများအားဆေးကုသပေး
Jul 17,2026
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကလေးခရိုင်အထူးကု သမားတော် ဆရာဝန်ကြီးများက ပြည်သူ့အတွက်ရက် (၁၀၀) စီမံချက်ဖြင့် ကလေးဝမြို့ ပြည်သူ့ဆေး ရုံကြီးသို့ လာရောက်၍ ယနေ့ နံနက် ၈ နာရီက ကွင်းဆင်ပြီး ပြည်သူများအား ဆေးကုသပေးခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့် ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးနှင့်အတူ ဖလမ်းမြို့၊ ဒေသခံပြည်သူများ၏ နေအိမ်များအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
Jul 17,2026
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့်အတူ ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည် ဆောက်ရေးကော်မတီဝင်များ၊လုပ်ငန်းကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့်‌ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ ၁၅ ရက်နေ့က ဖလမ်းမြို့ရှိ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသခံပြည်သူများ၏ နေအိမ်များသို့သွားရောက်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။