သံတောင်ကြီးဒေသထွက် ကွမ်းသီးများအထွက်နှုန်းလျော့နည်းသော်လည်းဈေးကောင်းရရှိ
Oct 21,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီးဒေသခံပြည်သူများမှာ အများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့် အဓိကလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင်သံတောင်ကြီး ဒေသထွက်ကွမ်းသီးများမှာ မိုးအလွန်များခြင်းနှင့် မြေပြိုမှုများကြောင့် ကွမ်းသီးပင်များပျက်စီးခြင်း အသီးနုချိန်တွင် ကြွေကျခြင်းများကြောင့် အထွက်နှုန်းလျော့နည်းသော်လည်းဈေးကောင်းရရှိကြောင်း သိရသည်။