သတင်းများ

ပန်းတနော်မြို့နယ်၌ Rice Export Zone စီမံကိန်းတွင် ပါဝင်မည့် တောင်သူများအား စိုက်ပျိုးစရိတ်နှင့် သွင်းအားစုများ ပေးအပ်ပွဲ ကျင်းပ
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးသီးနှံများအား ပြည်ပတင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone) စီမံကိန်းတွင် Exporter Company အဖြစ် ပါဝင်ဆောင်ရွက်မည့် Si Pwar Trading Co.,Ltd မှ တောင်သူများအား စိုက်ပျိုးစရိတ်နှင့် သွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအသိပညာပေးနှင့် လောင်းကစားကင်းစင်ပပျောက်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 17,2026
မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် တာဝန်ရှိသူများပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအသိပညာပေးနှင့် လောင်းကစားကင်းစင်ပပျောက်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းတို့ကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုနှင့် သက်ကြီးဘိုးဘွားများ အံကပ်တပ်ဆင်မှုအား ကြည့်ရှုအားပေး
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာန သွားနှင့် ခံတွင်း ပါမောက္ခ/အထူးကုဆရာဝန်ကြီးများသည် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ဇူလိုင်လ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုနှင့်သက်ကြီးဘိုးဘွားများ အံကပ်တပ်ဆင်ခြင်းများ အဆိုပါဆေးရုံကြီး၌ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ဇူလိုင် (၁၆) ရက် နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကျင်းပ
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် (၁၀း၀၀) နာရီအချိန်က အ.ထ.က အဏ္ဏဝါ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
‎မဟာအောင်မြေမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရန် ဝိုင်းဝန်းဆောင်ရွက်
Jul 17,2026
‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သံလျက်မော်အရှေ့ရပ်ကွက်တွင် ရေစီးရေလာကောင်းမွန်စေရန် ယနေ့နံနက်ပိုင်းက ဆောင်သည်။
လပွတ္တာမြို့တွင် လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် အခြေခံပညာကျောင်းများနှင့်ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလ(၅)တန်နှင့်ပြည့်စုံစေရန် လူငယ်စကားဝိုင်းနှင့်အသိပညာ ပေးဟောပြောပွဲကို အ.ထ.က.(၂)ကျောင်းတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောက်တံခါးမြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ
Jul 17,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျောက်တံခါးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် Women Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ
Jul 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့ နှင့် စာဖတ်ပရိတ် သတ်များမှ စာရေးဆရာလယ်တွင်းသားစောချစ်၏ “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇူလိုင် (၁၅)ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။