မြန်အောင်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများနှင့်ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ တွေ့ဆုံပွဲကျင်းပ

မြန်အောင်   ဇူလိုင်    ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် မြန်အောင်ခရိုင် အတွင်းရှိ ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များ၊ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက မြန်အောင်မြို့ အောင်ဇေယျ ခန်းမတွင်ကျင်းပခဲ့သည်။

ဦးစွာ မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်း‌ရွှေက မြန်အောင် ခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး  ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသိန်းထွန်းက လွှတ်တော်ဆိုင်ရာအတွေ့အကြုံများ အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးစောသက်နိုင်ဦးက လွှတ်တော်ရေးရာအတွေ့အကြုံများ ရှင်းလင်းပြောကြားပြီး တက်ရောက် လာသည့် မြန်အောင်၊ အင်္ဂပူ၊ ကြံခင်းမြို့နယ်များမှ ရပ်မိ၊ ရပ်ဖများကဒေသ၏ လိုအပ်ချက်များ တင်ပြကြရာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တင်ပြချက်များအပေါ်  ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

တွေ့ဆုံပွဲသို့ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်း‌ရွှေနှင့် အဖွဲ့ဝင်များ၊ မြန်အောင်၊ အင်္ဂပူ၊ ကြံခင်းမြို့နယ်များမှ အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊မြိုမိ၊မြို့ဖများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် ပြန်/ဆက် (မြန်အောင်)