သတင်းများ

ကျောင်းသားလူငယ်များ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များရရှိစေရန် စာဖတ်ဝိုင်းပြုလုပ်
Jul 17,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာရေးဆရာ မောင်ကျေးဇူးရေးသားသော “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jul 17,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင်လ ၁၆ ရက် နံနက် ၁၀ နာရီအချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ (ပထမအကြိမ်)လုပ်ငန်းညှိနှိုင်း
Jul 17,2026
၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ရေးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ၏ (ပထမအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်အမှာစကားပြောကြားသည်။
ကွန်ဟိန်းမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ပေးအပ်
Jul 17,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကွန်ဟိန်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွန်ဟိန်းမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် ကာလိမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုင်ရာ ရှင်းလင်းတင်ပြခြင်းသို့တက်ရောက်
Jul 17,2026
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုင်ရာ ရှင်းလင်းတင်ပြခြင်းကို ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် သစ်ပင်စိုက်ပျိုးပွဲ၊ MSME အေဂျင်စီက လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခြင်းနှင့် ယာယီတိမ်းရှောင်ပြည်သူများအား ဆန်နှင့်ဆီများ ထောက်ပံ့၊ မြစ်ကြီးနားနိုင်ငံတကာပညာရေးဖိုရမ်(၂၀၂၆) ကျင်းပနိုင်ရေး ကွင်းဆင်းစစ်ဆေး
Jul 17,2026
၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ကချင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာအဖွဲ့အစည်းများအပြင် လူထုလှုရှားမှုအသွင်ဖြင့် စည်းရုံးဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီကလည်း ပြည်နယ်အတွင်း (၁၄)ကြိမ်မြောက် အဖြစ် ကချင်ပြည်နယ်ရွှေလုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသော မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဝိုင်းမော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၉) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြော
Jul 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၉)အခြေခံပညာအလယ်တန်းကျောင်းထ(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဒိုက်ဦးမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jul 17,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသော “ကလေးအလုပ်သမားပပျောက်ရေး” လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အမှတ်(၅) သံတံတားရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူများကို ပေးဝေခဲ့သည်။