ပြင်ဦးလွင်မြို့နယ်အတွင်း တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၅ / ၂၀၂၃ ) ဖွင့်လှစ်သင်ကြား
Feb 22,2023
ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် ( သီးနှံအခြေခံယို ၊ ဖျော်ရည် ၊ ဝိုင်အမျိုးမျိုး ) ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဉ် ( ၅ / ၂၀၂၂ - ၂၀၂၃ ) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ( ၉:၀၀) နာရီမှစတင်ပြီး ပြင်ဦးလွင်မြို့နယ် ၊ ပင်လိန် (အလယ်)ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည် ။