သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆီးချို၊ သွေးချိုရောဂါအကြောင်း သိကောင်းစရာများ Talk Show ပြုလုပ်
Feb 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်ပြည်သူများဗဟုသုတတိုးပွားရရှိ‌စေရေး ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင်လည်း လတ်တလော သက်ကြီးရွယ်အိုများတွင် အဖြစ်များနေသည့် “ဆီးချို၊ သွေးချို ရောဂါအကြောင်း သိကောင်းစရာများ” Talk Show အစီအစဉ်လေးကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ပေးခဲ့သည်။
စလင်းမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၄၇၁) ဦးအား လူမှုရေးပင်စင်ငွေများ လက်ဝယ်အရောက်ပေးအပ်
Feb 22,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခြင်းများကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်မှ ကြီးကြပ်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။
ကော့မှူးတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ပြည်သူအကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းဆတ်မြို့၌ ရွေ့ပြောင်းတောင်ယာနှင့် နောက်ဆက်တွဲမီးခိုးမြူငွေ့များအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Feb 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ရွေ့ပြောင်းတောင်ယာနှင့် နောက်ဆက်တွဲမီးခိုးမြူငွေ့များအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ အခြေခံစားသောက်ကုန်များနှုန်းချိုသာစွာရောင်းချ၊ အခမဲ့ကျန်းမာရေးစောင့် ရှောက်ခြင်းများ ဆောင်ရွက်ပေး   
Feb 22,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများအား အခြေခံ စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကံမမြို့နယ် အခြေခံပညာကျောင်းများ၌ (Grade-5)နှင့်(Grade-9)အတန်းများ  နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို
Feb 22,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာကျောင်းများ၌ မူလတန်းဆင့်တွင် (Grade-5)နှင့် အလယ်တန်းဆင့်တွင် (Grade-9) အတန်းများ  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို  ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ကြို့ပင်ကောက်မြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Feb 22,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကြို့ပင်ကောက်မြို့အနောက်ဘက်ခြမ်း သောက်သုံး‌ရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများနှင့် နွေစပါးစိုက်ပျိုးရန် ဆည်ရေရရှိရေးဆောင်ရွက်ထားရှိမှုများအား ယမန်နေ့ မွန်းလွဲပိုင်းက  ကွင်းဆင်းကြည့်ရှုခဲ့သည်။
လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade- 5နှင့် Grade- 9 ကျောင်းသား ကျောင်းသူများ နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို
Feb 22,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း (Grade- 5)နှင့် အဋ္ဌမတန်း (Grade- 9) နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုလျက်ရှိသည်။