မိုင်းဖြတ် ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (Grade -9) (သင်ရိုးဟောင်း) နှင့် (Grade - 5) နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို ယနေ့နံနက် ၉နာရီက သက်ဆိုင်ရာ စာသင်ကျောင်းများ၌ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ဖြေဆိုရာတွင် အခြေခံပညာအလယ်တန်းအဆင့် (Grade - 9) သင်ရိုးဟောင်းစာမေးပွဲကို စာစစ်ဌာနများဖြစ်သည့် အထက(မိုင်းဖြတ်)၊ အထက(ဟိုနား)၊ အလက(ပါးဆန်း)၊ အလက(၂၂၁)တို့တွင် ကျင်းပဖြေဆိုလျက်ရှိပြီး စာရင်းရှိအရ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၆၆)ဦး၊ ဖြေဆိုသူ စုစုပေါင်း (၁၅၉)ဦး၊ ပျက်ကွက်(၇)ဦးရှိကြောင်း သိရသည်။ ထို့အတူ အခြေခံပညာမူလတန်းအဆင့်(Grade-5) ဖြေဆိုခြင်းကို မြို့နယ်အတွင်း စာစစ်ဌာန(၃၃)ခုတို့၌ စာရင်းရှိ(၅၉၂)ဦး၊ ဖြေဆိုသူစုစုပေါင်း (၅၄၂)ဦး၊ ပျက်ကွက်သူ (၅၀)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါနှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို ယနေ့မှစ၍ မတ်လ ၃ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ၆ ရက်ကြာ ဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)