မိုင်းယု ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 (သင်ရိုးသစ်)နှင့် Grade -9 (သင်ရိုးဟောင်း)နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ် စတင်ဖြေဆိုခဲ့ကြသည်။
အဆိုပါ နှစ်ဆုံးစာမေးပွဲဖြေဆိုရာတွင် Grade-5 (သင်ရိုးသစ်)မှ ကျောင်းသား၊ ကျောင်းသူ ၃၈ ဦးနှင့် Grade -9 (သင်ရိုးဟောင်း)မှ ကျောင်းသား၊ ကျောင်းသူ ၂၉ ဦး၊ စုစုပေါင်း ၆၇ ဦး ဖြေဆိုလျက်ရှိကြောင်း၊ Grade-5(သင်ရိုးသစ်)မှစာဖြေဆိုမှုမှာ ယနေ့မှ ၂၈ ရက်နေ့ထိဖြစ်ပြီး Grade-9 (သင်ရိုးဟောင်း)မှ စာဖြေဆိုမှုမှာ ယနေ့မှ မတ်လ ၁ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကျန်းမာရေးစောင့်ရှောက်မှုနှင့်အတူ ကျောင်းပြင်ပလုံခြုံရေးများ ကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်