ညောင်ဦး ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆွမ်းဆန်၊ ဆီများဝယ်ယူရန်အတွက် ဝတ္တုငွေဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉နာရီ ခွဲအချိန်က သာသနာ့ရောင်ခြည်သီလရှင် စာသင်တိုက်တွင်ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဝတ္တုငွေ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍အခမ်းအနားဖွင့်လှစ်သည်။ ဆက်လက် ၍ ညောင်ဦးမြို့ ကျန်စစ်သားဥ မင်စာသင်တိုက်ဆရာတော် ဘဒ္ဒန္တသီလာစာရ အရှင်သူမြတ်ထံမှငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာ တော်အရှင်သူမြတ်နှင့်ဆရာကြီး၊ဆရာလေးတို့မှမေတ္တာသုတ်ပရိတ်တ ရားတော်များရွတ်ဖတ်တော်မူသည်။ ပြီးနောက် ဆွမ်းဆန်နှင့်ဆီဝယ်ယူနိုင်ရန် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်စည်းရုံးရေးနှင့်မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ထွေးထွေးဝင်းနှင့် အဖွဲ့ဝင်များမှဝတ္တုငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး ကျန်စစ်သားဥမင်စာသင်တိုက်ဆရာတော် ဘဒ္ဒန္တသီလာစာရ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်ချအမျှပေးဝေကာ နဝကမ္မဆက်ကပ်လှူဒါန်းပွဲ ကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍အခမ်းအနားရုပ်သိမ်းခဲ့သည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညောင်ဦးမြို့နယ်စာသင်တိုက်များဖြစ်သည့် ကျန်စစ် သားဥမင်စာသင်တိုက်၊ ဣသိပညဒေဝဂုရုစာသင်တိုက်၊ သာသနာ့ရောင်ခြည်သီလရှင်စာ သင်တိုက်၊ သံပျင်မင်းသမီး စာသင်တိုက်နှင့် မြတ်ပါရမီသီရှင်စာသင်တိုက်တို့အားလှူဒါန်း ခြင်းဖြစ်ကာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပရိယတ္တိစာသင်တိုက်များအား တတိယအကြိမ်မြောက်လှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။
ဒီပါလင်း