သတင်းများ

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဖြေဆိုနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Mar 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ စာစစ်ဌာန၌ ၂ဝ၂၂ - ၂၀၂၃ ခု ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် ယမန်နေ့နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။
အမ်းမြို့၌ မြို့မ​အားကစားကွင်း၌နွေရာသီ လူငယ်အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချပေး
Mar 07,2023
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသလူငယ်အားကစားသင်တန်းများကို ယမန်နေ့မှစတင်၍ နေ့စဉ် ညနေ ၃ နာရီခွဲမှ ၅ နာရီထိ မြို့မအားကစားကွင်းအတွင်း ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
ရပ်စောက်မြို့ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်လှူပွဲနှင့် ဆီမီးကိုးထောင်ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Mar 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် (တပေါင်းလပြည့်နေ့) ဗုဒ္ဓပူဇာနိယ တပေါင်းပွဲတော်ကို မတ်လ ၅ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနား ကျင်းပ
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ အခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအားလပ်ရက် အချိန်ကိုအကျိုးရှိစေရန် ကျောင်းသားလူငယ်များအားဂျပန်စကားပြော သင်တန်းဖွင့်လှစ်
Mar 06,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြီးမှူးကျင်းပသည့် နွေရာသီအားလပ်ရက်ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစေရန် ဂျပန်စကားပြောသင်တန်းကို ယနေ့နံနက် ၉ နာရီတွင် ရမည်းသင်းခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကရင်ပြည်နယ်၊ ဘားအံမြို့ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူ၊ ဧည့်ပရိသတ်များအားစတုဒိသာဖြင့် တည်ခင်းဧည့်ခံ
Mar 06,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ဘားအံမြို့ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်တွင် ကျောင်းတိုက်အသီးသီး၌ စာသင်၊စာချ သီတင်းသုံးနေထိုင်တော်မူ ကြသော ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်များ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှု မရှိစေရေး၊ ပစ္စည်းလေးပါး အဆင်ပြေစေရေးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော်ကိုအထောက်အပံ့ဖြစ်စေရေးရည်မှန်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ အမှတ်(၂)ရပ်ကွက်ရှိ အဆိုပါစေတီတော်တည်နေရာ၌ ကျင်းပသည်။
လယ်ဝေးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးနိုင်ရေးသွင်းအားစုများပေးအပ်
Mar 06,2023
ပြည်​ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့်   နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် သွင်းအားစုများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အလယ်ကျွန်းကျေးရွာအုပ်စုတွင် ကျင်းပခဲ့သည်။
အမရပူရမြို့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
Mar 06,2023
အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်ရှိ မင်္ဂလာဘုန်းတော်ကြီးကျောင်းတိုက်အတွင်းတွင် ယမန်နေ့နံနက်ပိုင်းက ဒုတိယအကြိမ်အဖြစ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့၊ အမှတ် (၁) စစ်မြေပြင်ဆေးတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်၀င်း၊ ဗိုလ်မှူးကြီး ဝင်းကိုကိုဌေးဦးစီး၍ အထွေထွေရောဂါကု ပါရဂူကြီး (၅) ဦး၊ သွားအထူးကု ပါရဂူကြီး (၁) ဦး၊ အရိုးပါရဂူ(၁)ဦး၊ သူနာပြုအရာရှိ(၃)ဦး၊ အခြားဆင့်သူနာပြု(၃)ဦး၊ သာဖွားအမျိုးသမီးသူနာပြု (၁) ဦးတို့အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။