ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းစာဖတ်ဝိုင်း ဆောင်ရွက်

ကလိန်အောင်  ဖေဖော်ဝါရီလ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်(Book Club) စာအုပ်စာ‌ပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)  ရေးသားထားသည့် " ဘဝပန်းတိုင်" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကလိန်အောင်မြို့   ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး(တာဝန်ပေး)ဒေါ်ခင်ခင်လဲ့က ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့်စာပေချစ်မြတ်နိုးသူများ  ရင်းနှီးမှုရရှိစေရေးရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက် ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာ " ချစ်နိုင် (စိတ်ပညာ)" ရေးသားထားသော" ဘဝပန်းတိုင်"စာအုပ်ပါအသိပညာပေးဆောင်းပါးများကို(Book Club) စာအုပ်စာ ပေချစ်မြတ်နိုးသူ များအသင်းအဖွဲ့ဝင်‌ ဒေါ်မိုးမိုးအေးက "ရည်မှန်းချက်ရဲ့စံ"ဆိုတဲ့ခေါင်းစဉ်ကို ဆွေးနွေးခဲ့ရာလူတိုင်းဟာ မိမိဘဝရဲ့ပန်းတိုင်ကိုလျှောက်လှမ်းရတဲ့အခါမှ ကောင်းမွန်သောရည်မှန်းချက်ထားရှိရပါမယ်၊ ကိုယ်လျှောက်လှမ်းမယ်ဘဝလမ်းကို ကိုယ်တိုင်‌ရွေးချယ်ပါ စသည့်အချက်များကိုဆွေးနွေးပြီး စာ‌ပေဝါသနာရှင် ဒေါ်‌ထွေးနန္ဒာဝင်း၊ မသဇင်လင်းနှင့်‌‌ဦးသူရလင်းမောင်တို့ကစာအုပ်ပါ အသိပညာပေးဆောင်းပါး အကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိများကိုအသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့် လည်းကောင်း လစဉ်ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)