စဉ့်ကိုင် ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့် (Grade -5)နှင့် အလယ်တန်းအဆင့်(Grade -9)အတန်းများ ၂၀၂၂-၂၀၂၃ပညာသင်နှစ်နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် (၉)နာရီက စတင်ဖြေဆိုရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
စဉ့်ကိုင်မြို့နယ်အတွင်း မူလတန်းအဆင့် (Grade -5) (၄၆)စင်တာနှင့် အလယ်တန်းအဆင့် (Grade -9)(၁၅) စင်တာတို့တွင် မူလတန်းအဆင့်(Grade -5)ကျောင်းသား/ကျောင်းသူစာရင်းရှိ (၁၄၉၄)ဦး ဝင်ရောက်ဖြေဆိုသူ (၁၄၄၄)ဦး၊ ပျက်ကွက်(၅၀)ဦးနှင့် အလယ်တန်းအဆင့်(Grade -9) ကျောင်းသား/ကျောင်းသူ စာရင်းရှိ (၁၂၁၅)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၁၁၅၅)ဦး ၊ ပျက်ကွက်( ၆၀)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော့မူယာမောင်