ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၂
ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် ( သီးနှံအခြေခံယို ၊ ဖျော်ရည် ၊ ဝိုင်အမျိုးမျိုး ) ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဉ် ( ၅ / ၂၀၂၂ - ၂၀၂၃ ) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ( ၉:၀၀) နာရီမှစတင်ပြီး ပြင်ဦးလွင်မြို့နယ် ၊ ပင်လိန် (အလယ်)ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည် ။
အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် ( ၅ / ၂၀၂၂ - ၂၀၂၃ ) သင်တန်းဖွင့်ပွဲတွင် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစိုင်းအောင်ကြည်က အဖွင့်အမှာစကား ပြောကြားပြီး ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်သမဝါယမ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့မှ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် ( ၅ / ၂၀၂၂ - ၂၀၂၃ ) ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် တို့အား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြသည် ။
ဆက်လက်ပြီး တန်ဖိုးမြှင့်စားသောက်ကုန် ( သီးနှံအခြေခံယို ၊ ဖျော်ရည် ၊ ဝိုင်အမျိုးမျိုး ) ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် ( ၅ / ၂၀၂၂ - ၂၀၂၃ ) သင်တန်းကို ( ၂၀ - ၂ - ၂၀၂၃ ) ရက်နေ့မှ ( ၂၆ - ၂ - ၂၀၂၃ ) ရက်နေ့အထိသင်တန်းကာလ ( ၇ ) ရက်ဖြင့် နံနက်( ၀၉:၀၀ ) နာရီမှ ညနေ ( ၀၄:၀၀ ) နာရီအထိ သင်တန်းနည်းပြဆရာများမှ သစ်သီးဝလံများ ပျက်စီးစေမည့် အကြောင်းအရင်းများ ၊ သစ်သီးဝလံများ တာရှည်ခံအောင် ပြုလုပ်နည်းအဆင့်ဆင့် ၊ သီးနှံအခြေခံယိုမျိုးစုံ ၊ သီးနှံအခြေခံဖျော်ရည်မျိုးစုံ နှင့် သီးနှံအခြေခံ ဝိုင်အမျိုးမျိုးပြုလုပ်နည်းများ စသည်တို့ကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချလျက်ရှိရာ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ပင်လိန် (အလယ်) ကျေးရွာနှင့် ဆေးတလုံးကျေးရွာတို့မှ သင်တန်းသား ( ၂၀ ) ဦး တက်ရောက် သင်ကြားလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည် ။
ခရိုင် (ပြန် /ဆက်)