သတင်းများ

မိုင်းရယ်၌ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအတွက် မွေးမြူရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်
Feb 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအတွက် မွေးမြူရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
ငဖဲမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 22,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
သံတွဲမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူ(၉၆၈)ဦး ဝင်ရောက်ဖြေဆိုမည်
Feb 22,2023
သံတွဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၅)ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး သံတွဲမြို့နယ်အတွင်းရှိ ကျောင်းသား/သူ (၉၆၈)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
မန်တုံမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်နိုင်ရေး “သတိပြုရန် မိတ်ဆွေ” အသိပညာပေး ဗွီနိုင်းချိတ်ဆွဲ
Feb 22,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့မရပ်ကွက်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ “သတိပြုရန် မိတ်ဆွေ” အသိပညာပေး ဗွီနိုင်းများချိတ်ဆွဲခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေး
Feb 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်ကာ ပုံမှန်ထုတ်ပေးလျက်ရှိသည်။
မိုင်းလားမြို့နယ် မိုင်းမဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း
Feb 22,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ဒေသအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းပများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းရာ ဖေဖော်ဝါရီ ၂၁ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းလားမြို့နယ်၊ မိုင်းမဘုန်းတော်ကြီးကျောင်း၌ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီအချိန်က (၁၁/၁၄) ရပ်ကွက်နှင့် ရာဇသင်္ကြန်ရပ်ကွက်တို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေး
Feb 22,2023
ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် ရုံး၊ ဌာနများသို့ ငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက မြို့မဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ငှားရမ်း ပေးခဲ့သည်။ အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် သုတ/ရသ စာအုပ်မျိုးစုံ (၅၀)ကျော်ကို ငှားရမ်းပေးခဲ့ ကြောင်း သိရသည်။