သတင်းများ

ပွင့်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ်ကူညီရေးပရဟိတအဖွဲ့က ချောင်းဆုံကျေးရွာ မီးဘေးသင့်ပြည်သူများကို ဆန်နှင့်အိမ်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်း
Feb 22,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ်ကူညီရေးပရဟိတအဖွဲ့က ချောင်းဆုံကျေးရွာတွင် တောမီးမှတစ်ဆင့် မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စု(၃)စုအတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ယမန်နေ့က ဆန်နှင့်အိမ်အသုံးအဆောင်ပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade- 5 နှင့် Grade - 9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို
Feb 22,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၂- ၂၀၂၃  ပညာသင်နှစ်အတွက်  စတုတ္တတန်း(Grade- 5)နှင့် အဋ္ဌမတန်း (Grade- 9) နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှ စတင်၍ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ဖြေဆိုလျက်ရှိသည်။
မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
Feb 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းရယ်၌ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအတွက် မွေးမြူရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်
Feb 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအတွက် မွေးမြူရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
ငဖဲမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 22,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
သံတွဲမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူ(၉၆၈)ဦး ဝင်ရောက်ဖြေဆိုမည်
Feb 22,2023
သံတွဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၅)ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး သံတွဲမြို့နယ်အတွင်းရှိ ကျောင်းသား/သူ (၉၆၈)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
မန်တုံမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်နိုင်ရေး “သတိပြုရန် မိတ်ဆွေ” အသိပညာပေး ဗွီနိုင်းချိတ်ဆွဲ
Feb 22,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့မရပ်ကွက်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ “သတိပြုရန် မိတ်ဆွေ” အသိပညာပေး ဗွီနိုင်းများချိတ်ဆွဲခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေး
Feb 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်ကာ ပုံမှန်ထုတ်ပေးလျက်ရှိသည်။