သတင်းများ

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ
Feb 22,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် မသန်စွမ်းသူများဆိုင်ရာ  အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် အခြေခံပညာကျောင်းများ၌ (Grade -5) နှင့်(Grade -9)  အတန်းများနှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို
Feb 22,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့် (Grade -5)နှင့် အလယ်တန်းအဆင့်(Grade -9)အတန်းများ ၂၀၂၂-၂၀၂၃ပညာသင်နှစ်နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် (၉)နာရီက စတင်ဖြေဆိုရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ထင်းအစား အခြားလောင်စာသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Feb 22,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကုန်းရွာကျေးရွာအုပ်စု သျှင်ငယ်ပြေးကျေးရွာတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ အပူပိုင်းမိုးနည်းရပ်ဝန်းဒေသ‌နေဒေသခံ ပြည်သူလူထုအား ထင်းအစား အခြားလောင်စာတိုးမြှင့် သုံးစွဲနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက သျှင်ငယ်ပြေးကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ကွင်းဆင်းဟောပြောခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှညောင်ဦးမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များအား ဆန်၊ ဆီများဝယ်ယူရန်အတွက် နဝကမ္မဝတ္တုငွေများဆက်ကပ်လှူဒါန်း
Feb 22,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆွမ်းဆန်၊ ဆီများဝယ်ယူရန်အတွက် ဝတ္တုငွေဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉နာရီ ခွဲအချိန်က သာသနာ့ရောင်ခြည်သီလရှင် စာသင်တိုက်တွင်ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း  တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၅  / ၂၀၂၃  ) ဖွင့်လှစ်သင်ကြား
Feb 22,2023
ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့်  တန်ဖိုးမြှင့်စားသောက်ကုန် ( သီးနှံအခြေခံယို ၊ ဖျော်ရည် ၊ ဝိုင်အမျိုးမျိုး ) ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဉ် ( ၅ / ၂၀၂၂ - ၂၀၂၃ )  သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ( ၉:၀၀) နာရီမှစတင်ပြီး ပြင်ဦးလွင်မြို့နယ် ၊ ပင်လိန် (အလယ်)ကျေးရွာရှိ  ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည် ။
မိုင်းယုမြို့၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် Grade - 5 နှင့် Grade - 9 နှစ်ဆုံးစာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၆၇ ဦး ဖြေဆို
Feb 22,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 (သင်ရိုးသစ်)နှင့် Grade -9 (သင်ရိုးဟောင်း)နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌  ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ စတင်ဖြေဆိုခဲ့ကြသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းစာဖတ်ဝိုင်း ဆောင်ရွက်
Feb 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်(Book Club) စာအုပ်စာ‌ပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)  ရေးသားထားသည့် " ဘဝပန်းတိုင်" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်တွင် ဒေသထွက်ဓနိဖက် ဈေးကောင်းရရှိ
Feb 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင်ဒေသထွက် ဓနိဖက်ဈေးကောင်းရရှိကာ ရောင်းအားမြင့်တက်လျက်ရှိကြောင်း ဓနိဖက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။