နွားထိုးကြီးမြို့နယ်၌  မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

နွားထိုးကြီး မတ်  ၂၃

မြင်ခြံခရိုင် နွားထိုးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နံနက် ၉ နာရီမှ စ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက် တန်း၊ အလယ်တန်းအဆင့် ဆရာ၊ ဆရာမများအားသင်ကြားရေး စွမ်းဆောင်မြှင့်မားလာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့်ဘာသာရပ် စွမ်းမြှင့် သင်တန်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်း၌ နွားထိုးကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းပြဆရာ၊ ဆရာမ(၃၆၄) ဦး၊ အထက်တန်းပြ ဆရာ၊ ဆရာမ(၁၂၆)ဦး တက်ရောက်ကြပြီးအခြေခံ ပညာအထက်တန်းကျောင်းရှိ စာသင်ခန်းများတွင် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

သန်းအောင်ဇော်