တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)  ကျင်းပ

တောင်သာ မတ် ၂၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)  ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ(Talk  Show) ကျင်းပပြုလုပ်ရခြင်းအား ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးက ၂၀၂၃ ခုနှစ်မတ်လ(၂၇) ရက်နေ့တွင် ကျရောက်မည့်(၇၈)နှစ် မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေးဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး ဆရာကြီးဦးစိုးနိုင်(ပညာရေးငြိမ်း)က တပ်မတော်၏ သမိုင်းအကြောင်းအရာများ၊ တပ်မတော်နေ့ဖြစ်ပေါ်လာပုံအဆင့်ဆင့်၏ အကြောင်းများ၊ ယနေ့အချိန်ကာလတွင် တပ်မတော်မှ တာဝန်ယူဆောင်ရွက်နေသည့် လူမှုရေး၊ စီးပွားရေး၊ တပ်မတော်နှင့် ပတ်သက်သောအကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေး စသည့်အကြောင်းအရာများကို ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။                                                                                          ကျော်မျိုးနိုင်(တောင်သာ)