မိုင်းယောင်း မတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယနေ့နံနက်က လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်းနှင့် အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်တို့က လူကုန်ကူး/ လူမှောင်ခိုအကြောင်း၊ လုံခြုံစိတ်ချရသော ပြောင်းရွှေ့သွားလာမှုဆိုင်ရာများ၊ လူကုန်ကူးမှု ခံရနိုင်သည့်အခြေအနေများနှင့် အခြားမမျှော်မှန်းနိုင်သည့် အန္တရာယ်များအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း