မိုင်းပန် မတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် စံနမူနာပြနေအိမ် ဆောက်လုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အရှေ့ကျေးရွာ အုပ်စု၊ ဟိုဖိုင်လုံကျေးရွာ၌ ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းနှင့် “နမ့်ခုံး” ရှမ်းများပရဟိတအသင်း(ခွဲ)တို့ ပူးပေါင်း၍ (၁၂)ပေပတ်လည်၊ အမြင့်(၇)ပေခွဲ၊ စံနမူနာပြနေအိမ်၊ လုံကြိမ်ကျေးရွာနေ ပေါ်ထောက်ပန်း နေအိမ်နှင့် ဟိုဖိုင်လုံ ကျေးရွာ လုံးကူးန+ဒေါ်ပါစန်နှင့်၊ ကျေးရွာအုပ်စု(၆)စုအတွက် အိမ်ခြေ (၁၅၀) အိမ်ဆောက်ပစ္စည်းဖိုး (၁)အိမ်လျှင် (၄၀၀၀၀)နှုန်းဖြင့် ထောက်ပံ့သွားမည်ဖြစ်ပြီး ကျန်ရှိသောအသုံးစရိတ်များကို “နမ့်ခုံး” ရှမ်းများပရဟိတအသင်း(ခွဲ)နှင့် စေတနာရှင်၊ အလှူရှင်များက ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
နော်မှိုင်း(မိုင်းပန်)