ညောင်ဦးမြို့နယ် ဝက်သဲကျင်းတဲတိုက်သို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း

ညောင်ဦး  မတ်  ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စုအတွင်းရှိ ဝက်သဲကျင်းတဲတိုက်သို့ဝေမျှခြင်းပရဟိတမိသားစုက ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ညောင်ဦးမြို့နယ် တောင်းဇင်းအုပ်စုရှိ ဇီးပင်ကြီးတဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်းဦးဝင်းမင်းထွန်းထံကသိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊စာသင်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းများသို့သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းကသွား ရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း ဝက်သဲကျင်းတဲတိုက်သို့ ဝေမျှခြင်းမိသားစု ကသောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒီပါလင်း