သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်တွင် နွေစပါးစံပြကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ
Mar 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ အုပ်စု၊ မရဲ့အုန်းပင်စုကျေးရွာ၌ နွေစပါးစံပြကွက်ရိတ်သိမ်းပွဲ အခမ်းအနားအား ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အဆိုပါကျေးရွာ စံပြလယ်ယာ ကွင်းအမှတ် (၁၁၈၅) ၌ ဆောင်ရွက်သည်။
ခရမ်းမြို့နယ်တွင် စာဖြေကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရည်နှင့် စာရေးကိရိယာများလှူဒါန်း
Mar 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရမ်းမြို့ယာဉ်ထိန်းတပ်ဖွဲ့စု(၅၅) ခေတ္တတပ်ဖွဲ့စုမှူးနှင့် တပ်ဖွဲ့ဝင်မိသားစုများစုပေါင်း၍ သောက်ရေသန့်၊ အားဖြည့်အချိုရည်၊ စာရေးကိရိယာများအား လာရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန‌(ကော့မှူး)၌ စာဖတ်ဝိုင်းကျင်းပ
Mar 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အဖွဲ့များဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့် ရမည်းသင်းခရိုင်နှင့် မိတ္ထီလာခရိုင်ရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံမှာကြား
Mar 14,2023
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့ နံနက်ပိုင်းက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက်ကို ကြည့်ရှု့စစ်ဆေးကာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့်အတူ ဝန်ထမ်းများအား တွေ့ဆုံမှာကြားခဲ့သည်။ ထို့နောက် ခရိုင်ရုံးတွင် စေတနာ ဆရာမဖြင့် ပူးပေါင်း၍ ဖွင့်လှစ်ထားသော နွေရာသီ ဂျပန်စကားပြော သင်တန်းတက်ရောက်နေသည့် ကျောင်းသူကျောင်းသားများ တွေ့ဆုံပြီး အသိပညာ ဗဟုသုတ ရှာဖွေဆည်းပူးရေးကို မှာကြားခဲ့သည်။
မင်းလှမြို့နယ်၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Mar 14,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ စာစစ်ဌာန(၄)ခုတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ယနေ့နံနက်(၉)နာရီက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဆက်လက်ဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကူညီ
Mar 14,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊မြို့သစ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ “ရူပဗေဒဘာသာရပ်အား ယနေ့နံနက် ၉ နာရီမှစ၍ ဖြေဆို လျက်ရှိရာ ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။
ဝိုင်းမော်မြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေး ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 14,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးပိုစတာ စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ ခြင်းကို ယနေ့ နံနက် (၈) နာရီတွင် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ စုပေါင်းစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်ခဲ့သည်။
တံတားမြို့၊လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်များအတွက် အခွင့်အလမ်းခေါင်းစဥ်အကြောင်း သိကောင်းစရာ (Talk Show)ကျင်းပ
Mar 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Commynity Centre)ခန်းမ၌ လူငယ်များအတွက် အခွင့်အလမ်းခေါင်းစဥ်အကြောင်း သိကောင်းစရာ (Talk Show)ကို ယနေ့နံနက်ပိုင်း (၁၁:၀၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။