သတင်းများ

ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကျင်းပ
Mar 15,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်စကားပုံဆက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
သာယာဝတီမြို့တွင် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍမြှင့်တင်ရေး ပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ
Mar 15,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အင်းရွာတောင်သူလယ်သမားသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီခွဲက ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၉)၊  သာယာဝတီမြို့မှဦးဆောင်၍ “ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍမြှင့်တင်ရေး” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပုံးမြို့နယ်၌ ကိုယ်ဝန်‌ဆောင်မိခင်များအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်
Mar 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုယ်ဝန်‌ဆောင်မိခင်များအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခြင်းကို မတ် ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်က နမ့်ခုန် ကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာတွင် အိမ်တိုင်ရာ‌ရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
နမ္မတူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၀၈ ဦး ဝင်ရောက်ဖြေဆို
Mar 15,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်တွင် ကျောင်းသားကျောင်းသူများ ၁၀၈ ဦး စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အင်းစိန်မြို့နယ်၌ ပြည်သူများအား မကူးစက်နိုင်သောရောဂါများရှာဖွေကုသရေးနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများဆောင်ရွက်
Mar 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ၏ကျန်းမာရေးလိုအပ်ချက်များကို ကူညီစောင့်ရှောက်နိုင်စေရန်ရည်ရွယ်၍(Non Communicable Disease)မကူးစက်နိုင်သောရောဂါများရှာဖွေကုသရေးနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်သည်။
နွေသီးနှံရေပေးဝေရေးနှင့် စပ်လျဉ်း၍ ပျဉ်းမနားမြို့နယ် ရေအသုံးချသူ တောင်သူ(WUG)အဖွဲ့များနှင့် တွေ့ဆုံ
Mar 15,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (နေပြည်တော်)မှ ရေအသုံးချသူ တောင်သူ များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပျဉ်းမနား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မရမ်းကုန်းမြို့နယ်၌ မြေငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ​ဆောင်ရွက်
Mar 15,2023
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း​ဒေသကြီးရုံးနှင့် မရမ်းကုန်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူး​ပေါင်းကာ မြေငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်​ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ကမ္ဘာ​အေးဘုရားလမ်းရှိ လူမှုဝန်ထမ်းရုံး၌ကျင်းပခဲ့သည်။
လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)တွင် ပြည်သူများအား စားသုံးဆီတစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး
Mar 15,2023
နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးဆီများကို ဈေးနှုန်း သက်သာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဆောင်ရွက်ပေးခဲ့သည်။