သတင်းများ

ဖားကန့်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Mar 14,2023
၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၈ ရက်နေ့မှ စတင်၍ ဖြေဆိုလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်ရှိ စာစစ်ဌာနတွင်လည်း ရူပဗေဒဘာသာရပ်ကို ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးTalk show ကျင်းပ
Mar 14,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဥပေဒရုံးတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၌ မီးဘေးအန္တရာယ်ကာကွယ်ရေး (သင့်ကြောင့်မီးမလောင်ပါစေနှင့်) မြေစိုက်ပိုစတာ စိုက်ထူ
Mar 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ မတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီ အချိန်က လှေကြီးတတ်ကျေးရွာအုပ်စုရှိ လမ်းဆုံတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး (သင့်ကြောင့်မီးမလောင်ပါစေနှင့်) မြေစိုက်အသိပေးနှိုးဆော် ပိုစတာစိုက်ထူခဲ့ကြသည်။
မြောင်းမြမြို့၌ အသေးစားစက်မှုလက်မှုလုပ်ငန်း သိကောင်းစရာ Talk Show ကျင်းပ
Mar 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ မြောင်းမြခရိုင်ရုံးလူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ပြည်သူများ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်း သိကောင်းစရာ (Talk Show) ကို ယမန်နေ့ နေ့လယ်(၂)နာရီက ကျင်းပခဲ့သည်။
ရပ်စောက်မြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (၁/၂၀၂၃) ဖွင့်လှစ်
Mar 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဖွင့်လှစ် သည့် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း (၁/၂၀၂၃)ကို မတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရေးနှင့်  စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများ ပြုလုပ်
Mar 14,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလတွင် ကျောင်းသား/ကျောင်းသူ လူငယ်လေးများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)သို့ တက်ရောက်နိုင်ရေး သင်တန်း/သင်တန်းသူများ စိစစ်ရွေးချယ်ပေး
Mar 14,2023
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ အားကစားနှင့်ကာယပညာ သိပ္ပံ(မုံရွာ)သို့ တက်ရောက်ခွင့်ရရှိနိုင်ရေး သင်တန်းသား/သင်တန်းသူများ စိစစ်ရွေးချယ်ခြင်း အခမ်းအနားကို စစ်ကိုင်းမြို့၊ နှစ်(၇၀၀)အားကစားကွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်းရှိ လူဦးရေစာရင်းများ E-ID server အတွင်းသို့ စာရင်းထည့်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Mar 14,2023
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ မွန်ပြည်နယ်အတွင်းရှိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူပြီးစီးခဲ့သည့် လူဦးရေစာရင်းများအား အီလက်ထရွန်နစ် မှတ်ပုံတင်ရေးဦးစီးဌာန၏ e-ID Server အတွင်းသို့ စာရင်းထည့်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။