Mobile library စနစ်ဖြင့် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်း
Mar 15,2023
ဒေသခံပြည်သူများနှင့် လူငယ်၊ လူရွယ်များကို အသိပညာဗဟုသုတများ တိုးတက်မြင့်မားရေး၊ စာဖတ်ရှိန်မြှင့်မားရေးနှင့် စာအုပ်၊ စာစောင်များနှင့် ပိုမိုရင်းနှီးမှု ရှိစေရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက mobile library စနစ်ဖြင့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းသို့ ယမန်နေ့နံနက် (၁၁)နာရီအချိန်တွင်သွားရောက်၍ နယ်လှည့်ကွင်းဆင်းပြီး စာအုပ်၊ စာစောင်နှင့် သုတရသစာပေ များကို အခမဲ့ငှားရမ်း ပေးခဲ့ပါသည်။