ခရမ်းမြို့နယ်တွင် စာဖြေကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရည်နှင့် စာရေးကိရိယာများလှူဒါန်း

ခရမ်း မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရမ်းမြို့ယာဉ်ထိန်းတပ်ဖွဲ့စု(၅၅) ခေတ္တတပ်ဖွဲ့စုမှူးနှင့် တပ်ဖွဲ့ဝင်မိသားစုများစုပေါင်း၍ သောက်ရေသန့်၊ အားဖြည့်အချိုရည်၊ စာရေးကိရိယာများအား လာရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ခရမ်းမြို့အ.ထ.က(၁)စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးလျှောက်ထားသူ(၃၄၁)ဦးမှ ယနေ့ ရူပ‌ဗေဒဘာသာရပ်ကို လာရောက်ဖြေဆိုသူစုစုပေါင်း(၃၀၃)ဦးရှိပြီး ဖြေဆိုမှုရာနှုန်း ၈၈.၈၆% လာရောက်ဖြေဆိုခဲ့ကြပြီး အဆိုပါစာဖြေကျောင်းသားများအား မြို့နယ်ယာဉ်ထိန်းတပ်ဖွဲစု(၅၅)မှ တပ်ဖွဲ့ဝင်များက ယာဉ်/လမ်းများရှင်းလင်းပေးခြင်း စာဖြေကျောင်းသားများ အခက်အခဲမရှိစေရန် လိုအပ်ချက်များအလိုက် ကူညီဖြေရှင်းပေးခြင်းများအပြင် စာဖြေပြီးပြန်ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား သောက်ရေသန့်၊ Royal D အချိုရည်များအား ဖြန့်ဝေလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ကိုမင်း(ခရမ်း)