သတင်းများ

မိုင်းခုတ်မြို့၌ ပဲပုတ်ချပ်တစ်ပိဿာလျှင် တစ်သောင်းကျပ်ရရှိသဖြင့် ပဲပုတ်ချပ်ပြုလုပ် ရောင်းချသူများ အဆင်ပြေ
Mar 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ရှမ်းတိုင်းရင်းသားများ၏ အဓိက ရိုးရာအစားအစာဖြစ်သော ပဲပုတ်ချပ်တစ်ပိဿာလျှင် တစ်သောင်းကျပ်ရရှိသဖြင့် ပဲပုတ်ချပ်ပြုလုပ် ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကလိန်အောင်မြို့စာစစ်ဌာန၌ ဓာတုဗေဒ ဘာသာရပ်ဖြေဆိုသူ (၂၂)ဦးရှိ
Mar 13,2023
တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ကလိန်အောင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား  မတ်လ (၈) ရက်နေ့မှစတင်၍ ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့ ဘေးလုံပရိယတ္တိစာသင်တိုက် ဆရာတော်အား  ဂုဏဝိသိဌပူဇာသဘင် ကျင်းပ
Mar 13,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် အမှတ်(၂)ရပ်ကွက် နီပါးတန်းရပ်ရှိ ဘေးလုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာသာရကို နိုင်ငံတော်မှ သာသနာတော်ဆိုင်ရာ ချီးမြှင့်ပူဇော်သည့် (ဂန္တဝါစကပဏ္ဍိတ)ဘွဲ့တံဆိပ်တော်အား ဂုဏဝိသိဌ ပူဇာသဘင်အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အဆိုပါ ကျောင်းတိုက်တွင် ကျင်းပကြောင်း သိရသည်။
သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ၁၃၈၄(၂၀၂၃)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး မြန်အောင်တွင်ကျင်းပ
Mar 13,2023
သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ၁၃၈၄(၂၀၂၃)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  မြို့နယ်သံဃနာယကဆရာတော်များ၊ ဂိုဏ်းပေါင်းစုံဆရာတော်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီက မဟာဓမ္မိကာရာမကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့၌ မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Mar 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲ၊ သရုပ်ပြသပွဲ၊ အာရှ ဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု ဖူဆယ်နည်းပြသင်တန်းဖွင့်ပွဲနှင့် မနောလိဒ်အမှတ်ပေး အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲများသို့တက်ရောက်
Mar 13,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်မီးသတ်ဦးစီးဌာနမှ စီစဉ်ကျင်းပသော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြသပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုထ္ထနေ့တွင် ဓာတုဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၄၉၂၃ ဦးရှိ
Mar 13,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုထ္ထနေ့တွင် ဓာတုဗေဒဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ စာစစ်ဌာန ၃၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၄၂၃ ဦးရှိပြီး စာမေးပွဲ စတုထ္ထနေ့တွင် ဓာတုဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၄၉၂၃ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၇၈ ရာခိုင်နှုန်းရှိကြောင်း နေပြည်တော်ပညာရေးမှူးရုံးမှ သိရသည်။
မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၂)လုံး ပြိုကျပျက်စီး ဆုံးရှုံးမှုဖြစ်ပွား
Mar 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ သံပုရာချောင် ကျေးရွာတွင် ယနေ့နံနက် ၄ နာရီခွဲအချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံး ပြိုကျပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။