တပ်ကုန်းမြို့၌ နွေရာသီကျောင်းပိတ်ရက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်
Mar 15,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားကလေးငယ်များ ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရေးနှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေ ရေး ဖွင့်လှစ်ပေးသည့် အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။