တံတား မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Commynity Centre)ခန်းမ၌ လူငယ်များအတွက် အခွင့်အလမ်းခေါင်းစဥ်အကြောင်း သိကောင်းစရာ (Talk Show)ကို ယနေ့နံနက်ပိုင်း (၁၁:၀၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်နှင့် ရုပ်သံ-၃အင်အားပြ ဦးဖြိုးသီဟက ယနေ့ခေတ်သည်လူငယ်များအတွက် အခွင့်အလမ်းကောင်းများစွာရှိနေကြောင်း၊ မည်သူမဆိုတန်ဖိုးရှိသောသူများဖြစ်သောကြောင့် လူ့အဖွဲ့ အစည်းက လက်တွဲခေါ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် ခွဲခြားဆက်ဆံခြင်း မပြုသင့် ကြောင်း၊ လူငယ်တွေထဲမှာ လူညံ့တွေပါသလို လူပျင်းတွေလဲပါသောကြောင့် သူတို့ကိုလူရာမဝင်ဘူးဆိုပြီး ချန်ထားဖို့မသင့်ကြောင်း၊ လူမှုအသိုင်းအဝိုင်းမှာအားလုံးပါဝင်အောင် လက်တွဲ ခေါ်ရမည်ဖြစ်ကြောင်း၊ လက်တွဲခေါ်ခြင်းဆိုတာ လေးစားမှုဖြစ်ကြောင်း၊ သူတို့ကိုလေးစား ခေါ်ယူလျှင် ပီတိဆိုသောထံစားမှုကို သူတို့ခံစားရမည်ဖြစ်ကြောင်း၊ သူတို့ဆန္ဒကိုအလေးထားသင့်ကြောင်း၊ သူတို့ကိုလှောင်ပြောင်ခြင်းမပြုဘဲ လမ်းမှန်ကိုရောက်၍ လူရာဝင်အောင် အကောင်းဆုံးကူညီသင့်ကြောင်း၊ လူငယ်များဟာအနာဂတ်တိုင်းပြည်ကို တည်ဆောက်မယ့် သူတွေဖြစ်ကြောင်း၊ မိမိတို့သည် လူငယ်များနှင့်အများဆုံး ထိတွေ့ဆက်ဆံရသော ဝန်ထမ်းများဖြစ်သဖြင့် လူငယ်များ၏အတွေးအခေါ်အယူအဆများ မှန်ကန်မှုရှိစေရန်နှင့် လူငယ်များမိမိကိုယ်ကိုယုံကြည်မှုရှိလာစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်များ၏အခွင့်အလမ်းများကို လမ်းပြခေါ်ဆောင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ Talk Show အစီအစဥ်များကို တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များအတွက် အသိပညာဗဟုသုတများရရှိစေရန် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ(တံတားပြန်ဆက်)