သတင်းများ

အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ၌ စိုက်ပျိုးစရိတ် ချေးငွေ​ပေးဆပ်ရန် ကျန်ရှိသူများနှင့်​တွေ့ဆုံဆွေးနွေး
Mar 14,2023
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ၌ စိုက်ပျိုးစရိတ်ချေးငွေများ ပေးဆပ်နိုင်ရန် ကျန်ရှိသော တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နေ့လည်က တပ်တောင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံအတွင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်‌ရေးအကြောင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လူတိုင်းပါဝင်ဆောင်ရွက်ပေးအကြောင်း အသိပညာပေး နံရံကပ်စာစောင်များပြသ
Mar 14,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လူတိုင်းပါဝင်ဆောင်ရွက်ပေးအကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ချိတ်ဆွဲပြသခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်အား ဆက်လက်ဖြေဆို
Mar 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန(၃)ခု၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်
Mar 14,2023
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦနှင့် လူနေအိမ်တချို့ ပျက်စီးမှုများဖြစ်ပွား
Mar 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ယနေ့ ည ၉ နာရီခွဲအချိန်ခန့် လေပြင်း တိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင် တစ်ဆောင်နှင့် လူနေအိမ်တချို့ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် နွေရာသီအားကစားအခြေခံသင်တန်းများဆက်လက်သင်ကြားလျက်ရှိ
Mar 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အားကစားခန်းမတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံ သင်တန်းများကို မတ်လ ၆ ရက်နေ့မှ စတင်သင်ကြားပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင်ဆက်လက်သင်ကြားပေးလျက် ရှိသည်။
လက်ပံတန်းမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန၌ မြို့နယ်စာပေချစ်သူများအသင်း (Book Club) နှင့်ပူးပေါင်း၍ ရေးသူဖတ်သူဆွေးနွေးပွဲကျင်းပ
Mar 14,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာပေချစ်သူများ အသင်းနှင့်ပူးပေါင်း၍ ရေးသူဖတ်သူဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ငါန်းဇွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးမွဲဖြေဆိုသည့် စာစစ်ဌာနများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး
Mar 14,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် ဂျိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ယနေ့နံနက် ၉နာရီ မိနစ်၃၀က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။