မော်လမြိုင်ကျွန်း မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ အုပ်စု၊ မရဲ့အုန်းပင်စုကျေးရွာ၌ နွေစပါးစံပြကွက်ရိတ်သိမ်းပွဲ အခမ်းအနားအား ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အဆိုပါကျေးရွာ စံပြလယ်ယာ ကွင်းအမှတ် (၁၁၈၅) ၌ ဆောင်ရွက်သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှုးမင်းလွင်ဦး၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်သွင်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်မျိုးချစ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက နွေစပါးစိုက်ဧက ပြည့်မီရေး၊ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး မရဲ့အုန်းပင်စု ကျေးရွာ တောင်သူ ဦးတင်အောင်သန်း၏ စံပြလယ်ယာ ကွင်းမှတ် (၁၁၈၅) ၌ စိုက်ပျိုးထားသော နယူးဧရာ (၁) စပါးအမျိုးအစားမှာ တစ်ဧကလျှင် (၂၀၄) တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ ဆက်)