အထက်မင်းလှ မတ် ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ စာစစ်ဌာန(၄)ခုတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ယနေ့နံနက်(၉)နာရီက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ရူပဗေဒဘာသာရပ်ဖြေဆိုသူ အထက (မင်းလှ)စာစစ်ဌာနတွင် (၂၈၄)ဦး၊ အထက(မလွန်)စာစစ်ဌာနတွင် (၁၀၄)ဦး၊ အထက(လင်းကယ်) စာစစ်ဌာနတွင် (၅၉)ဦး၊ အထက(လက်ပံတံခါး)စာစစ်ဌာနတွင် (၄၁)ဦး ဖြေဆိုလျက်ရှိသည်။ မင်းလှမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာန(၄)ခု၌ ရူပဗေဒဘာသာရပ် ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ(၅၂၃)ဦး စာရင်းပေးသွင်းထားပြီး ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၄၈၈)ဦး၊ (၉၃.၃၁)%ရှိပြီး၊ ပျက်ကွက်သူ (၃၅)ဦး၊ (၆.၆၉)%ရှိကြောင်း သိရသည်။
မင်းလှမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် အပြင်စည်းလုံခြုံရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)